ဒီသင်တန်း ဟာ Teaching Children At Home program ရဲ. ရှေ.ဦးထွက် e-course ဖြစ်ပါတယ်
ဒီသင်တန်း ဟာ ကလေးကိုတိုက်ရိုက်စာသင်ပေးတဲ့ video, audio, files များစုစည်းထားတာမျိုးထက် မိဘများကို ဦးတည်ပြီး သင်ကြားရေးဆိုင်ရာ လိုအပ်မှုများ အခြေခံသဘောတရားများကို ပြောပြပေးသွားမယ့် သင်တန်း
ဖြစ်ပါတယ်
မိဘတွေအတွက်ဘာအကျိုးအမြတ်ရမလဲ
🔸ဒီ course လေးအပြီးမှာ မိဘတွေအနေနဲ. အခုချိန်မှာကလေးတွေကို ကျောင်းမထားပဲ ပညာရပ်တစ်ခုကိုအိမ်မှာ လေ့လာသင်ယူနိုင်ကြောင်းသိရှိစေရန်
🔸ကလေးများရဲ. ဦးနှောက်အလုပ်လုပ်ပုံ သင်ယူမှု ဖြစ်ပုံကို နားလည်သိရှိစေရန်
🔸မိဘတွေဟာ ကိုယ့်ရဲ. ကလေး အတန်းနဲ.တူညီတဲ့ curriculum ကို ရွေးချယ်ပြီး အိမ်မှာလေ့လာသင်ယူဖို.Free resources တွေကို ရှာဖွေပြီး အနီးကပ်ကိုယ်တိုင်ညွှန်ပြသင်ကြားပေးရန်
🔸မိဘနှင့် ကလေးကြား ကြုံတွေ့တတ်သောာ ပဋိပက္ခများကို ဖြေရှင်းတတ်စေရန်
ဘာတွေသင်မှာလဲ
ဒီသင်တန်းမှာ မူကြိုမှစပြီး အထက်တန်း နိုင်ငံခြား တက္ကသိုလ်၀င်ခွင့် ဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေရဲ. မိဘတွေကိုတောင် အထောက်အကူဖြစ်စေနိုင်မယ့် အခြေခံအကြောင်းအရာတွေကို သက်ဆိုင်ရာ ဆရာ ဆရာမများမှ အခန်းအလိုက် ပြောပြသွားမယ့် သင်တန်း တစ်ခုလည်း
ဖြစ်ပါတယ်
ဘယ်လိုအကူအညီတွေရမလဲ
မိဘဆရာ Matching program ကိုလည်း ထည့်သွင်းသွားမှာဖြစ်ပြီး အချင်းချင်းဆက်သွယ်ပြီး လိုအပ်တဲ့ အကြံတောင်းခံတာမှစပြီး ကလေးကို တိုက်ရိုက်သင်ခိုင်းတာမျိုးအထိ အဆင်ပြေသလိုဆက်ပြီး လက်တွဲသွားနိုင်မှာဖြစ်ပါတယ်
ဘာတွေဆက်လုပ်မလဲ
ဒီနောက်ပိုင်းမှာတော့ ကျမတို. Teaching Children At Home မှ အဆင်သင့်သလို ဆရာဆရာမတွေ volunteer လုပ်တဲ့ အတန်းနဲ. ဘာသာရပ်တွေပေါ်မူတည်ပြီး ဘာသာရပ်တစ်ခုစီ အတန်း တစ်ခုစီအတွက် ecourse တွေဆက်ပြီး ထုတ်လုပ်သွားဖို. အစီအစဉ်ရှိပါတယ်
Example Curriculum
ဘယ်လိုထုတ်လွှင့်မလဲ
သင်ခန်းစာများကို ၁ပတ် ၁ကြိမ် အသစ်ထုတ်လွှင့်မှာဖြစ်ပြီး section ၁၀ခု အတွက်၂လတာကြာမြင့်ပါမယ်
Live မဟုတ်တဲ့ Recorded lectures များ ဖြစ်တဲ့အတွက်မိဘများ အဆင်ပြေတဲ့အချိန် လွယ်ကူလျှင်မြန်စွာ ၀င်ရောက်ကြည့်ရှုနိုင်ပြီး ထပ်ခါထပ်ခါကြည့်ရှုနိုင်မှာဖြစ်ပါတယ်
Example Featured Products
We will have more products to showcase in the future